အာဆင်နယ်နှင့်ချဲလ်ဆီး ဂိုးပြတ်အနိုင်ရခဲ့ကြသည့် အက်ဖ်အေဖလား (ရုပ်သံဟိုက်လိုက်)

January 29, 2017

အာဆင်နယ်နှင့်ချဲလ်ဆီး ဂိုးပြတ်အနိုင်ရခဲ့ကြသည့် အက်ဖ်အေဖလား

ဇန်န၀ါရီ ၂၈ ရက်နေ့ညက အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာ နာမည်ကြီးအသင်းတွေထဲက အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ဂိုးပြတ်တွေနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်က အဝေးကွင်းမှာ ဆောက်သမ်ပတန်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ တိုက်စစ်မှူး ၀ဲကော့က ဟက်ထရစ်ဂိုး ရယူနိုင်သလို ၀ဲဘက်ကတော့ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာကနေ ကာလကြာရှည် အနားယူရာကနေ ပြန်လာတဲ့ တိုက်စစ်မှူး ၀ဲဘက် ဒီပွဲမှာ ခြေစွမ်းပြ ကစားသွားပါတယ်။ ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ချန်ပီယံရှစ်တန်းက ဘရန်းဖို့အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးက ဒီပွဲမှာ ကစားသမား ၉ ယောက်အထိ အပြောင်းအလဲ လုပ်ထားပြီး အနိုင်ဂိုးတွေကို ၀ီလျံ၊ ပက်ဒရို၊ အီဗန်နိုဗစ်တို့က သွင်းယူပါတယ်။ ချဲလ်ဆီးကပဲ တဖက်သတ် စိတ်ကြိုက် ကစားပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်သွားပါတယ်။
5 years Ago
Up