PSG အသင်းတိုက်စစ်မှူးသစ် ဘာပေက အာဆင်နယ်အသင်းနည်းပြ ၀င်းဂါးရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဘာပေနဲ့ အာဆင်နယ်အသင်းနည်းပြ ၀င်းဂါးတို့ ဆုံတွေ့ပြီး အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ဖွယ်ရှိနေပြီး နောက်ဆုံးမှာ ဘာပေဟာ အာဆင်နယ်အသင်းကို ငြင်းဆန်ခဲ့တာလို့ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ် ဘာပေဟာ PSG အသင်းအခြေစိုက်ရာပါရီမြို့မှာ ကြီးပြင်းလာသူဖြစ်ပြီး သူ့အနေနဲ့ ပြင်သစ်မြေမှာသာ ကစားသမားဘ၀တိုးတက်ဖို့ ဆက်လက်ကြိုးပမ်းလိုတဲ့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။
ဘာပေက ''အာစင်ဝင်းဂါးနဲ့ ကျနော်ဆုံတွေ့ခဲ့ပါတယ်။ သူက နည်းပြကောင်းတဦးပါပဲ။ ပြင်သစ်မြေမှာ အတွေ့အကြုံကောင်းတွေလည်း သူရခဲ့ဖူးပါတယ်။ လေးစားစရာ ပုဂ္ဂိုလ်မျိုးဖြစ်ပြီး လူငယ်ကစားသမားတဦးကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာ သိပါတယ်။ အဲဒီအချက်တွေက အာဆင်နယ်ကို ကျနော်စဉ်းစားရတဲ့ အချက်တွေဖြစ်ပေမယ့် PSG အသင်းမှာ ကစားခွင့်ရဖို့က ကျနော့်ရဲ့ အဓိကရည်မှန်းချက်ဖြစ်နေလို့ သူတို့ကို ငြင်းဆန်ခဲ့ပါတယ်'' လို.ပြောကြားခဲ့ပါတယ်။
4 years Ago