ဒီဇင်ဘာ ၅ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်က အနိုင်ရရှိပြီး မန်ယူနဲ့ စပါးအသင်းတို့ အသီးသီး သရေကျသွားပါတယ်။
အာဆင်နယ်က အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကိုတော့ ကမ်းဘဲလ်၊ ဂီးရော့နဲ့ ရမ်ဆေးတို့က ၃၃၊ ၆၃ နဲ့ မိနစ် ၉၀ တွေမှာ ၁ ဂိုးစီ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ အာဆင်နယ်အသင်းရဲ့ ဂိုးဧရိယာ ညာဘက်ထောင့်မှာ ဆန်းဒါးလန်းအသင်းက ပြစ်ဒဏ်ဘောရရှိပြီး ကန်တင်ရာမှာ ဂီးရော့က ကိုယ့်ဂိုးကို သွင်းမိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၅ ပွဲကစား ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၂ မှာ ရပ်တည်နိုင်ခဲ့ပြီး ဆန်းဒါးလန်းအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
တဖက်က မန်ယူ-၀က်စ်ဟမ်းတို့ပွဲစဉ်မှာတော့ ပွဲချိန်ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘူး ဂိုးမရှိ သရေကျသွားပါတယ်။
ဝက်စ်ဘရွန်း-စပါးအသင်းတို့ ပွဲစဉ်တွေမှာတော့ စပါးအသင်းရဲ့ ဦးဆောင်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ အဲလီက သွင်းယူခဲ့တာဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ ဂျိမ်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ တဖက်နဲ့ တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိကြဘဲ ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။
မန်ယူအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ၀က်စ်ဟမ်းအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
ဝက်စ်ဘရွန်းအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား ၁၃ မှာ ရပ်တည်နေပြီး စပါးအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
7 years Ago