အာဆင်နယ်အသင်း နောက်တန်းကစားသမားများ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ

May 25, 2017

အာဆင်နယ်အသင်း နောက်တန်းကစားသမားများ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ

ချဲလ်ဆီးနဲ့ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲအတွက် ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းမှာ နောက်တန်းကစားသမားတွေ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ခံလူ ကိုစီယယ်နီဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်တဲ့အပြင် ဂါဘရီရယ်ရဲ့ ဒူးဒဏ်ရာကလည်း ၂ လလောက် အနားယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိကနောက်ခံလူတဦးဖြစ်တဲ့ မူစတာဖီဟာလည်း အဖျားဝေဒနာ ခံစားနေရတာကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒဏ်ရာက ပြန်ကောင်းလာတဲ့ အသင်းခေါင်းဆောင် မာတီဆက်ကာ၊ လူငယ်နောက်ခံကစားသမား ဟိုးလ်ဒင်းတို့နဲ့ ပွဲထွက်ရဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အားထားရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာလည်း  ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး ဆေးစစ်ဆေးမှု ခံယူရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် လာမယ့် မေလ ၂၇ ရက်နေ့မှာ ကစားမယ့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အကောင်းဆုံးအဖြေရှာသွားမယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂလန် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် လန်ဒန်ဒါဘီ ပြိုင်ဘက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးနဲ့ လာမယ့်မေလ ၂၇ ရက် စနေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up