အာဆင်နယ်အသင်း ဝတ်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်

February 1, 2017

အာဆင်နယ်အသင်း ဝတ်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် အာဆင်နယ်နဲ့ ဝတ်ဖို့ဒ်တို့ ဇန်နဝါရီ ၃၁ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီပွဲရှုံးလို့ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေကို ထိခိုက်ခဲ့ရပါတယ်။ ဝတ်ဖို့ဒ်ကတော့ ၁၉၈၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်ကို အနိုင်ရတာပါ။ ဝတ်ဖို့ဒ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ ကာဘူးက သွင်းယူပါတယ်။ နောက်ထပ် ၃ မိနစ်လောက်မှာပဲ ဒုတိယဂိုးကို ဒီနေက သွင်းယူပါတယ်။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ၅၈ မိနစ်မှာ အိုင်ဝိုဘီက သွင်းယူပါတယ်။ ဒီပွဲရှုံးလို့ အာဆင်နယ်ဟာ ၄၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဝတ်ဖို့ဒ်ကတော့ ၂၇ မှတ်နဲ့ အဆင့် ၁၃ နေရာကို တက်လှမ်းသွားပါတယ်။
5 years Ago
Up