အာဆင်နယ်အသင်းက ၀ီလ်ရှိုင်းယားကို အငှားချမည်

August 31, 2016

အာဆင်နယ်အသင်းက ၀ီလ်ရှိုင်းယားကို အငှားချမည်

အာဆင်နယ်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားကို အငှားချဖို့ စီစဉ်နေပါတယ်။ အသက် ၂၄ နှစ်ရှိ ၀ီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်ခဲ့ရပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ၃၇ မိနစ်ပဲ လူစားလဲကစားခွင့်ရရခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ကိုကီလင်၊ ရှာကာ၊ အယ်နန်နီ၊ ကာဇိုလာတို့လို ကစားသမားတွေလည်း ခြေစွမ်းပြနေတာကြောင့် ၀ီလ်ရှိုင်းယား အတွက် ပွဲထွက်ခွင့်အာမံခံချက်မရှိတာကြောင့် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အငှားချဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ ၀ီလ်ရှိုင်းယားဟာ ယူရို ၂၀၀၆ ပြိုင်ပွဲမှာ ရွေးချယ်ခံခဲ့ရပေမယ့် အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်မှာတော့ ပွဲထွက်ခွင့် မရတဲ့အကြောင်းပြချက်နဲ့ လက်ရွေးရွေးစင်အသင်းက ချန်လှပ်ခံခဲ့ရတာပါ။ ၀ီလ်ရှိုင်းယားကို စပိန်ကလပ်ဗလင်စီယာအသင်းက ဂယ်ရီနဗီးလ်နည်းပြစဉ် အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပြီး အာဆင်နယ်အသင်းကလက်မခံခဲ့ပါဘူး။ အာဆင်နယ်အသင်းအနေနဲ့ ၀ီလ်ရှိုင်းယားကို ပရီးမီးယားလိဂ်အသင်း ကြီးတွေဆီမှာတော့ အငှားချမှာမဟုတ်ဘဲ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဆီ အငှားချမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
5 years Ago
Up