အာဆင်နယ်အသင်း

A d v e r t i s e m e n t With Us

August 8, 2018

အမေရိကန်လူမျိုး ခရွန်ကီ အာဆင်နယ်အသင်းကို ဝယ်ရန် ကမ်းလှမ်း

အာဆင်နယ်အသင်းရဲ့ ရှယ်ယာ ၆၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ အမေရိကန်လူမျိုး ခရွန်ကီက တသင်းလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ခရွန်ကီအနေနဲ့ လက်ကျန်ရှယ်ယာ ၃၃ ရာခိုင်နှုန်းအတွက် ပေါင်သန်း ၆၀၀ နဲ့ ကမ်းလှမ်းလိုက်တာလို့ သိရပါတယ်။ အာဆင်နယ်အသင်းကို ရုရှားဘီလျံနာ အူစမန်နော့ဗ်က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ရောင်းချဖို့ သဘောတူညီတယ်လို့ သတင်းတွေက ဆိုပါတယ်။ အမေရိကန်ဘီလျံနာ ခရွန်ကီရဲ့ ကုမ္ပဏီဖြစ်တဲ့ KSE ရဲ့ ထုတ်ပြန်ချက်အရ အသင်းရည်မှန်းချက်တွေကို ပိုပြီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့ရာသီအကုန်က အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ အာစင်ဝင်းဂါးနဲ့ လမ်းခွဲခဲ့ပြီး စပိန်နည်းပြ အူနိုင်းအမ်မရီကို ခန့်အပ်ထားပါတယ်။ ခရွန်ကီအနေနဲ့ အသင်းရဲ့ ရှယ်ယာအားလုံးကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေအပြင် အမျိုးသမီးအသင်းနဲ့ လူငယ်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရအောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
3 years Ago

May 21, 2018

ပီအက်စ်ဂျီ နည်းပြဟောင်းကို အာဆင်နယ်အသင်း ချိတ်ဆက်နေဟု သတင်းထွက်ပေါ်

အာဆင်နယ်အသင်းအနေနဲု့ လူငယ်နည်းပြ အာတီတာကို ခန့်အပ်ဖို့ ဆန္ဒရှိနေပေမယ့် ပီအက်စ်ဂျီ နည်းပြဟောင်း အူနိုင်းအမ်မေရီကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အူနိုင်းအမ်မေရီဟာ ဆီဗီလာအသင်းနဲ့အတူ ၂၀၁၄၊၂၀၁၅၊၂၀၁၆ ယူရိုပါလိဂ်ဖလား သုံးနှစ်ဆက် ရယူပေးနိုင်ခဲ့သူဖြစ်ပြီး စပိန်လာလီဂါမှာလည်း ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ အစရှိတဲ့ အသင်းတွေကို ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အခြေအနေထိ ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ရောက်ရှိချိန်မှာလည်း လီဂူးဖလားအပါအဝင် အခြားဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ မကြာခင်မှာ အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ ဗီအဲရာ၊ ဟင်နရီ အစရှိတဲ့ ဂန္ထဝင်ကစားသမားဟောင်းတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပြီး အာဆင်နယ်အသင်းရဲ့ ဘက်ဂျက်စိစစ်ပြီး သုံးစွဲတဲ့ပုံစံမှာ အူနိုင်းအမ်မေရီအနေနဲ့ အကောင်းဆုံး ထိန်းကျောင်းသွားနိုင်မယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။ ဆက်စပ်သတင်းတွေအရ ကမ္ဘာ့ဖလားမှာ ရွေးချယ်ခြင်းမခံရတဲ့ ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားဟာ အသင်းနဲ့အတူ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ကာဇိုလာကတော့ ဗီလာရီးရဲအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီလို့ သိရပါတယ်။
3 years Ago
More News
Up