အာဆင်နယ်အထက်

April 29, 2017

အာဆင်နယ်အထက် ရပ်တည်နိုင်ဖို့မဟုတ်ဘဲ ချန်ပီယံဖြစ်ရေး အဓိကဟု စပါးနည်းပြပြော

အာဆင်နယ်အသင်းရဲ့ အထက်မှာရပ်နိုင်ဖို့က အသင်းရဲ့ အဓိက ရည်ရွယ်ချက်မဟုတ်ဘူးလို့ စပါးနည်းပြပိုချက် တီနိုက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လာမယ့် ဧပြီ ၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီနှစ်သင်းဟာ အနီးကပ်ဆုံး မြို့ခံပြိုင်ဘက်တွေဖြစ်တာကြောင့် တသင်းရဲ့အထက်မှာ တသင်းက ရပ်တည်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းကြတာပါ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ စပါးအသင်းက အာဆင်နယ်အသင်းရဲ့ အောက်မှာပဲ ရပ်တည်ခဲ့ပေမယ့် ဒီနှစ်ပရီးမီးယားလိဂ်မှာတော့ စပါးအသင်းက အာဆင်နယ်အသင်းရဲ့အထက်မှာ ရပ်တည်ဖို့သေချာသလောက်ဖြစ်နေတာပါ။ စပါးအသင်းရဲ့ အဓိကရည်မှန်းချက်က အာဆင်နယ်အသင်းရဲ့ အပေါ်မှာ ရပ်တည်ဖို့ တင်မဟုတ်ဘဲ ပရီးမီးယားလိဂ်အသင်း ၁၉ သင်းစလုံးရဲ့ အပေါ်မှာ ရပ်တည်ပြီး ချန်ပီယံဆုဖလားရဖို့ ဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ စပါးအသင်းအထက်မှာ ရပ်တည်ဖို့ ဆန္ဒရှိပေမယ့် အဓိကရည်မှန်းချက်က  အဆင့်လေးအတွင်းဝင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ စပါးအသင်းဟာ ပရီးမီးယား လိဂ်ပြိုင်ပွဲပြီး ဆုံးဖို့ လက်ကျန် ၅ ပွဲအလိုမှာ ဦးဆောင်သူ ချဲလ်ဆီးနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up