အာဆင်နယ်ပရိသတ်

March 11, 2019

မန်ယူနောက်ခံလူကို တွန်းထိုးခဲ့သည့် အာဆင်နယ်ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်မည်

မနေ့ညက ယှဉ်ပြိုင်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းထဲဝင်လာပြီး စမောလင်းကို တွန်းထိုးခဲ့တဲ့ အာဆင်နယ်ပရိသတ်ကို ပွဲကြည့်ခွင့်ပိတ်ပင်မယ်လို့ သိပါတယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ဒုတိယဦးဆောင်ဂိုးကို ပယ်နယ်တီကတဆင့် သွင်းယူပြီးတဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တဦးက ကွင်းထဲဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တဦးဟာ ပယ်နယ်တီဂိုး သွင်းပြီးနောက် အာဆင်နယ်ကစားသမားတွေနဲ့ အောင်ပွဲခံဖို့အတွက် ကွင်းထဲပြေးဝင်လာခဲ့ပြီး ကွင်းထဲမှာ အရင်ဆုံးတွေ့တဲ့ မန်ယူနောက်ခံလူ စမောလင်းကို တွန်းထိုးခဲ့တာပါ။ စမောလင်းကတော့ အာဆင်နယ်ပရိသတ်ကို ကာကွယ်တဲ့အနေနဲ့ လက်နဲ့ တွန်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းက စမောလင်းနဲ့ မန်ယူအသင်းကို  တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကွင်းထဲဝင်လာတဲ့ ပရိသတ်ကို အသင်းရဲ့ အိမ်ကွင်းနဲ့ အဝေးကွင်းပွဲစဉ်တွေပါ ပွဲကြည့်ခွင့် ပိတ်ပင်သွားမယ်လို့ အသင်းက ကြေညာခဲ့ပါတယ်။
2 years Ago
Up