ဒင်းနစ်ဆွာရက်ဇ်ဟာ တိုက်စစ်ရဲ့ နေရာစုံကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး ကစားသမားအပေါ်မှာ ယုံကြည်မှုရှိတယ်လို့ နည်းပြ အူနိုင်းအန်မရီက ပထမဆုံးအကြိမ် ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒင်းနစ်ဆွာရက်ဇ်သာ ပွဲထွက်ကစားခွင့် ရရှိမယ်ဆိုရင်တော့ ဒီနေ့ညမှာ အသင်းဟောင်း မန်စီးတီးကို ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အူနိုင်းရဲ့ ပြောကြားချက်အရ ဆွာရက်ဇ်ဟာ ဆီဗီလာမှာ ဘယ်တောင်ပံက ကစားခဲ့ပေမယ့် ဗီလာရီးရဲလ်မှာတော့ ညာတောင်ပံကစားခဲ့ကြောင်း၊ ဘာစီလိုနာမှာတော့ အတွင်းပိုင်းကို ပိုပြီးဝင်ကစားခဲ့ရတာကြောင့် တိုက်စစ်အတွက် နေရာစုံနဲ့အံဝင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါ့ပြင် မန်စီးတီးအသင်းမှာလည်း ကစားခဲ့ဖူးလို့ ပရီးမီးယားလိဂ်ရဲ့ အထာကို သိနေတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။
အူနိုင်းအနေနဲ့ ဆီဗီလာမှာ လက်တွဲခဲ့ဖူးတဲ့ ဆွာရက်ဇ်ကို အပြောင်းအရွှေ့မပိတ်မီ အသည်းအသန် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုရာသီအငှါးစာချုပ်အပြင် ရာသီအကုန်မှာ ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ရရှိမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရေး အရေးပါတဲ့ အာဆင်နယ်နဲ့ ဒီနေ့ည ယှဉ်ပြိုကစားရမယ့် ပွဲစဉ်ကိုတော့ အမှားမခံဘဲ အနိုင်ရလဒ်ရရှိအောင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
2 years Ago