အာဆင်နယ်တွင် မစ်ခီတာယန်း ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်မရ

January 24, 2018

အာဆင်နယ်တွင် မစ်ခီတာယန်း ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်မရ

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် မစ်ခီတာယန်းဟာ သူဝတ်ဆင်ကစားလိုတဲ့ ကျောနံပါတ် ၇ ကို ယူရိုပါလိဂ်မှာ ဝတ်ဆင်ခွင့်မရတာကြောင့် အသင်းအနေနဲ့ တခြားကျောနံပါတ်တခုကို ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၇ ဟာ ဆန်းချက်ဇ်နာမည်နဲ့ ယူရိုပါလိဂ်မှာ မှတ်ပုံတင်ထားတာကြောင့် ဝတ်ဆင်ကစားခွင့် မရခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာဆီကို နာမည်ကြီး ကစားသမားတွေဖြစ်ခဲ့တဲ့ ဒေးဗစ်ပလတ်၊ ရောဘတ်ပီးရက်စ်၊ သောမက်ရိုဆစ်စကီး၊ ဆန်းချက်ဇ်တို့ ဝတ်ဆင်ကစားခဲ့တာပါ။ မစ်ခီတာယန်းဟာ တပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းမှာ လုပ်ခလစာအများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်း ပြောင်းရွှေ့လာမယ်ဆိုရင်တော့ လစာအများဆုံး ကစားသမားက အူဘာမီယန်း ဖြစ်လာမှာဖြစ်ပြီး လက်ရှိတိုက်စစ်မှူး ဂျရူးကို ၆ လ အငှားအလိုက်ပေးနဲ့အတူ ပေါင်သန်း ၅၀ ဒသမ ၉ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။ မစ်ခီတာယန်းကလည်း အာဆင်နယ်နဲ့ မိတ်ဆက်တဲ့ ဗွီဒီယိုမှာ အူဘာမီယန်းကို သူ့လို မိတ်ဆက်ဖို့ လာမလားဆိုတဲ့စကား ဆိုခဲ့တဲ့အတွက် ရောက်ရှိလာဖို့ နီးစပ်နေတယ်လို့ သုံးသပ်နေကြပါတယ်။
3 years Ago
Up