အာဆင်နယ်တွင် ဆက်နေမည်ဟု ဂျက်ဝီရှိုင်းယားပြော

June 25, 2015

ရိုမေးနီးယား အလယ်တန်းသမားကို အာဆင်နယ်ခေါ်

အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်အသင်းက ရိုမေးနီးယား အလယ်တန်း ကစားသမား ဗလက်ဒါကိုမီးယားကို လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။ ဒါကိုမီးယားကို ခေါ်ယူဖို့ အာဆင်နယ်က စောင့်ကြည့်နေတာ ၁၈ လရှိနေပြီး ရိုမေးနီးယား ကလပ် အေစီအက်စ်ပေါ်လီတင်မီဆွာရားကနေ အာဆယ်နယ် လူငယ်အသင်းကို ခေါ်ယူလိုက်ပြီလို့ ရိုမေးနီးယား သတင်းတွေက ရေးပါတယ်။ ယူရို ၁ သိန်းနဲ့ ခေါ်ယူလိုက်တဲ့ ဒါကိုမီးယားဟာ အာဆင်နယ်အသင်းက ပထမဆုံးခေါ်ယူတဲ့ ရိုမေးနီးယား ကစားသမားဖြစ်လာပါတယ်။ ယူ ၁၆ ရိုမေးနီးယားအသင်းရဲ့ ခေါင်းဆောင် အသက် ၁၆ နှစ် ဒါကိုမီးယားဟာ ဇွန်လ အကုန်မှာ လန်ဒန်ကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။
6 years Ago

June 20, 2015

ဗီဒယ်လ်ကို ခေါ်ယူရန် အေးဂျင့်နှင့် အာဆင်နယ် ဆွေးနွေး

ဂျူဗင်တပ်စ် ကွင်းလယ်လူဗီဒယ်လ်ကို ခေါ်ယူရေး  အာဆင်နယ်နဲ့ ကစားသမားရဲ့ အေးဂျင့်တို့ ဆွေးနွေးနေကြပြီး ဂျူဗီအသင်းက ပေါင် ၂၈.၅ သန်း ရရင်ရောင်းချသွားဖို့ အခြေအနေရှိနေပါတယ်။ ချီလီလက်ရွေးစင် ဗီဒယ်လ်ကို မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ကိုပါအမေရိကဖလားပွဲ ကျင်းပနေချိန်မှာ သူဟာ အရက်သောက် ကားမောင်းပြီး မတော်တဆမှုဖြစ်ခဲ့တာကြောင့် ရီးရဲက ဗီဒယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့နည်းခဲ့တာဖြစ်ပါတယ်။ ဗီဒယ်လ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး ၁၂၄ ပွဲကစားပြီး ၃၅ ဂိုးသွင်းပေးထားပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်ကတည်းက ချီလီလက်ရွေးစင်ဖြစ်လာခဲ့ကာ ပွဲပေါင်း ၇၀ နီးပါး ကစားပေးထားပြီး ၁၂ ဂိုးသွင်းထားပါတယ်။
6 years Ago
Up