အဲဗာတန်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ကော့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ အသင်းရဲ့ လူအင်အားကို ဖြည့်တင်းလိုနေပြီး အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဝဲလ်ကော့ကို ပစ်မှတ်ထားနေတာပါ။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်ကစားသမား ဝဲလ်ကော့ဟာ အာဆင်နယ်နဲ့ ၁၈ လစာချုပ် သက်တမ်းကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်း ရရှိနေသူပါ။
အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ ကွင်းလယ်နေရာအတွက် ဆီဗီလာက ပြင်သစ်ကွင်းလယ်လူ အန်ဇွန်ဇီကိုလည်း ပစ်မှတ်ထားနေပြီး အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
5 years Ago