အာဆင်နယ်တိုက်စစ်မှူး ဂျရူးနှင့် နောက်ခံလူ ကိုစီယယ်နီတို့ကို ခေါ်ယူရန် မာဆေး ပြင်ဆင်

October 27, 2017

အာဆင်နယ်တိုက်စစ်မှူး ဂျရူးကို မခေါ်နိုင်ခဲ့၍ အခက်တွေ့ဟု အဲဗာတန်နည်းပြဟောင်း ပြော

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူနိုင်ခြင်း မရှိတာက အသင်းကို အခက်တွေ့စေခဲ့တယ်လို့ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းက ပြောကြားလိုက်ပါတယ်။ ဟော်လန်နည်းပြ ကိုးလ်မန်းအနေနဲ့ မန်ယူအသင်းဆီ ရောင်းချလိုက်တဲ့ လူကာကူရဲ့ နေရာမှာ ဂျရူးနဲ့ အစားထိုးဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး အဆင်မပြေ ဖြစ်ခဲ့တာပါ။ အဲဗာတန်အသင်းမှာ လူကာကူလို သန်မာပြီး အမြင့်ဘောနဲ့ လျှင်မြန်မှုပါကောင်းတဲ့ တိုက်စစ်မှူးတဦးကို လက်လွှတ်ခဲ့ရပေမယ့် အဲဒီလို အရည်အချင်းရှိတဲ့ တိုက်စစ်မှူး မခေါ်ယူနိုင်ခဲ့ဘူးလို့ ကိုးလ်မန်းက ဆိုပါတယ်။ လက်ရှိ အသင်းတိုက်စစ်မှာ ဝိန်းရွန်နီနဲ့ ဗလာဆစ်တို့ ရှိပေမယ့် သူတို့နှစ်ဦးစလုံးက ဘောလုံးကို ခြေထဲမှာ ထိန်းထားလိုတဲ့ ကစားသမားတွေဖြစ်တာကြောင့် တည်ကန်ဘောတွေကနေ ဂိုးရဖို့ ခက်ခဲခဲ့တယ်လို့လည်း ကိုးလ်မန်းက ဆိုပါတယ်။ ကိုးလ်မန်းဟာ ဆွမ်ဆီးက ဆီဂတ်ဆန်၊ ဆန်းဒါးလန်းက ပစ်ဖို့ဒ်၊ အေဂျက်ဇ်က ကလက်ဆန်နဲ့ ရွန်နီတို့ကို ခေါ်ယူပြီး ပေါင်သန်း ၁၅၀ လောက် ငွေကြေးအသုံးပြုခဲ့ပေမယ့် ရလဒ် ဆိုးရွားခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
3 years Ago

April 26, 2017

အာဆင်နယ်တိုက်စစ်မှူး ဂျရူးနှင့် နောက်ခံလူ ကိုစီယယ်နီတို့ကို ခေါ်ယူရန် မာဆေး ပြင်ဆင်

ပြင်သစ်ကလပ် မာဆေးအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဂျရူးနဲ့ နောက်ခံလူ ကိုစီယယ်နီတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ပြင်သစ်လက်ရွေးစင်တွေဖြစ်တဲ့ ဂျရူးနဲ့ ကိုစီယယ်နီတို့နှစ်ဦးကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ မာဆေးအသင်းပိုင်ရှင်ဖြစ်တဲ့ အမေရိကန်သူဌေး ဖရန့်မက်စ်ကော့သ်ဟာ ပြင်သစ်လိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မိုနာကိုတို့ကို ယှဉ်နိုင်ဖို့အတွက် ကစားသမားသစ် ၅ ဦးလောက် ခေါ်ယူဖို့ စီစဉ်ထားတာပါ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ အသင်းဆီ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘဲ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ပြင်သစ်လီဂူးပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်မှာ မာဆေးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီ၊ မိုနာကိုတို့နဲ့ ၂၈ မှတ်အထိ ကွာဟနေပြီး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up