အာဆင်နယ်ဂိုးသမား ပီတာချက် တလခန့် နားရမည်

March 22, 2017

အာဆင်နယ်ဂိုးသမား ပီတာချက် တလခန့် နားရမည်

အာဆင်နယ်ဂိုးသမား ပီတာချက်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တလလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ ပီတာချက်ရဲ့ ဒဏ်ရာအခြေအနေကို မတ်လ ၂၁ ရက်နေ့က စစ်ဆေးခဲ့ပြီး အနည်းဆုံး ၄ ပတ် အနားယူရမှာဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်း ဂိုးသမားနေရာအတွက် အရန်ဂိုးသမား အော့စ်ပင်နာက ပွဲထွက်ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိ ပီတာချက်အနေနဲ့ မန်စီးတီးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ အပါအဝင် အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၅ ပွဲလောက် လွဲချော်ဖို့ရှိနေပါတယ်။
5 years Ago
Up