အာဆင်နယ်က ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ

April 6, 2017

အာဆင်နယ်က ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၅ ရက်က ယှဉ်ပြိင်သွားတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရှုံးပွဲနဲ့ သရေပွဲတွေ ဆက်နေလို့ ဖိအားဝင်နေတဲ့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက်တော့ ဒီနိုင်ပွဲက အသက်ရှူချောင်စေခဲ့ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ် အသာစီးရခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းကျမှ ရခဲ့တာဖြစ်ပြီး ပွဲချိန် ၅၈ မိနစ်မှာ အိုဇေးလ်၊ ၆၈ မိနစ်မှာ ဝေါလ်ကော့နဲ့ ၈၃ မိနစ်မှာ ဂျရူးတို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ရတဲ့အတွက် အာဆင်နယ်က ရမှတ် ၅၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဝက်စ်ဟမ်းကတော့ ၃၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up