အာဆင်နယ်က ဘရိုက်တန်ကို ၂ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံ)

October 2, 2017

အာဆင်နယ်က ဘရိုက်တန်ကို ၂ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ဘရိုက်တန်ကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရသွားပါတယ်။ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကို စတင်တာဝန်ယူတဲ့ ၂၁ နှစ်ပြည့် ကာလမှာ နိုင်ပွဲရသွားတာပါ။ အာဆင်နယ်ကပဲ အိမ်ကွင်းမှာ တန်းတက်အသင်း ဘရိုက်တန်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ၁၆ မိနစ်မှာ မွန်ရယ်နဲ့ ၅၆ မိနစ်မှာ အိုင်ဝိုဘီတို့က သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ် တိုက်စစ်မှူး ဆန်ချက် ဂိုးမသွင်းနိုင်ပေမယ့်လည်း ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဘရိုက်တန်အသင်းက အာဆင်နယ်ဘက်ကို တကြိမ်လောက်ပဲ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ရှိနေပြီး ဘရိုက်တန်ကတော့ ၇ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up