အာဆင်နယ်ကွင်းလယ်လူ

February 25, 2017

အာဆင်နယ်ကွင်းလယ်လူ ကာဇိုလာ ရာသီကုန်ထိ နားရတော့မည်

အာဆင်နယ်ကွင်းလယ်ကစားသမား ကာဇိုလာဟာ ခြေကျင်းဝတ်ဒဏ်ရာ သက်သာလာခြင်းမရှိတာကြောင့် ရာသီကုန်အထိအနားယူရတော့မယ်လို့ သိရပါတယ်။ အသက် ၃၂ ရှိ ကာဇိုလာဟာ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူထားသူဖြစ်ပြီး မတ်လအတွင်းကစားနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ကာဇိုလာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အသင်းအတွက် နောက်ဆုံးကစားခဲ့တာပါ။ နောက်ထပ် အနည်းဆုံး ၆ ပတ်လောက် ဆက်လက်အနားယူရတော့မှာဖြစ်တာကြောင့် လာမယ့်ဘောလုံးရာသီမှ ပြန်လည်ကစားနိုင်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ရမ်ဆေးလည်းဒဏ်ရာရနေပြီး အသစ်ခေါ်ယူထားတဲ့ ချာကာနဲ့အယ်နီနီတို့ကလည်း အကောင်းဆုံးခြေစွမ်းမရသေးတာကြောင့် တောင်ပံကစားသမားချိန်ဘာလိန်ကို ကွင်းလယ်နေရာမှာ ထားကစားခဲ့ရပါတယ်။
4 years Ago
Up