အာဆင်နယ်ကို ဂိုးပြတ်ရှုံးသည့် ချဲလ်ဆီးအသင်းကို နည်းပြ ကွန်တီ ဝေဖန်

September 26, 2016

အာဆင်နယ်ကို ဂိုးပြတ်ရှုံးသည့် ချဲလ်ဆီးအသင်းကို နည်းပြ ကွန်တီ ဝေဖန်

ချဲလ်ဆီးအသင်းဟာ လူစာရင်းအရ အကောင်းဆုံးအသင်း ဖြစ်ပေမယ့် ကွင်းထဲမှာတော့ အကောင်းဆုံးအသင်း မဟုတ်ဘူးလို့ ချဲလ်ဆီးနည်းပြ ကွန်တီက ဝေဖန်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီဟာ အာဆင်နယ်ကို ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး လာမယ့်ပွဲတွေမှာ ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ကစာသမားတွေကို သတိပေးခဲ့တာပါ။ ချဲလ်ဆီးကစားသမားတွေအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ အာရုံစူးစိုက်မှု အားနည်းခဲ့ပြီး မနှစ်ကလို ဆိုးရွားတဲ့ဘောလုံးရာသီ ဖြစ်မလာဖို့ လိုတယ်လို့လည်း ချဲလ်ဆီးနည်းပြကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၈ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up