အာစင်ဝင်းဂါး ယုံကြည်

February 10, 2018

အူဘာမီယန်း-မီခီတာယန်တို့အတွဲ ခြေစွမ်းပြနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

တိုက်စစ်မှူးအူဘာမီယန်းနဲ့ မီခီတာယန်တို့ဟာ ပွဲကြီးပွဲကောင်းတွေ အတူတွဲကစားခဲ့ဖူးလို့ စပါးနဲ့ပွဲအတွက် ပြဿနာမရှိနိုင်ဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ စနေနေ့ညနေပိုင်းမှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ ဒီပွဲမှာ ပြီးခဲ့တဲ့လကမှ ခေါ်ယူလိုက်တဲ့ အူဘာမီယန်းနဲ့ မီခီတာယန်တို့ကို ဒုတိယအကြိမ်ပွဲထွက်ကစားစေမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ ဒေါ့မွန်အသင်းမှာ အရေးကြီးတဲ့ပွဲကောင်းတွေ တွဲဖက်ကစားခဲ့ဖူးတာကြောင့် အချိတ်အဆက်မိမိနဲ့ ခြေစွမ်းပြနိုင်မယ်လို့ အာစင်ဝင်းဂါးက ယုံကြည်နေပါတယ်။ စပါးနဲ့ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွန်အရေးကြီးတဲ့ပွဲဖြစ်ပြီး ဟန်ချက်ညီညီ ကစားနိုင်ဖို့ လိုတယ်လို့လည်း အာစင်ဝင်းဂါးက ဆိုပါတယ်။ အူဘာမီယန်းနဲ့ မီခီတာယန်တို့ဟာ အာဆင်နယ်အသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး  ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
3 years Ago
Up