အာစင်ဝင်းဂါး တုံ့ပြန်

February 12, 2017

အသင်းပြောင်းရန် အဆင်သင့်မဖြစ်သေးဟု အာစင်ဝင်းဂါး တုံ့ပြန်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့အတွက် အခုထက်ထိ အဆင်သင့်မဖြစ်သေးဘူးလို့ ဟူးလ်စီးတီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အီယန်ရိုက်ရဲ့ ပြောစကားကို တုံ့ပြန် ပြောကြားလိုက်ပါတယ်။ နည်းပြအာစင်ဝင်းဂါး ထွက်ခွာမယ်ဆိုပါက အက်သလက်တီကို နည်းပြ ဆီမြွန်နီ၊ နယူးကာဆယ်လ်နည်းပြ ရာဖာဘင်နီတက်ဇ်၊ ဒေါ့မန်နည်းပြ သောမက်စ်တက်ချဲလ်၊ အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်း နဲ့ ဘာစီလိုနာနည်းပြ အန်းနရစ်နဲ့ မိုနာကိုနည်းပြ လီယိုနာဒိုဂျာဒင်မ်တို့ တယောက်မဟုတ် တယောက် အာဆင်နယ်နည်းပြ ဖြစ်လာမယ်လို့ အသံတွေ ထွက်ပေါ်နေခဲ့တာပါ။ အာစင်ဝင်းဂါးအတွက် ၂ နှစ်စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပေမယ့် လာမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် နဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲ ရလဒ်တွေဟာ အရေးပါနေခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၆ ကြိမ်၊ ကွန်မြူနတီဒိုင်း ၆ ကြိမ် ရယူပေးထားတဲ့ နည်းပြတဦးလည်း ဖြစ်ပါတယ်။
4 years Ago
Up