အာစင်ဝင်းဂါးပြော

January 13, 2018

အိုဇေးလ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု အာစင်ဝင်းဂါးပြော

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ အသင်းမှာ နောက်ထပ်တစ်ရာသီ ထပ်ရှိနေမှာ ဖြစ်ပြီး မက်ဆွတ်အိုဇေးလ်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့အတွက် အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အာစင်ဝင်းဂါးဟာ နောက်ထပ် နှစ်ရာသီစာချုပ်ချုပ်ဆိုခဲ့ပြီးတော့ အိုဇေးလ်ကိုလည်း တပတ်လုပ်ခ ပေါင် ၃ သိန်းပေးပြီး ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်အပြင် ဆန်းချက်ဇ်ကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေပေမယ့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ သေချာနေပါတယ်။
4 years Ago

April 9, 2017

ဆန်းချက်ဇ် အသင်းတွင် ဆက်နေရန်ဆန္ဒရှိနေဟု အာစင်ဝင်းဂါးပြော

အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ လောလောဆယ်မှာတော့ ဆန်းချက်ဇ်နဲ့ အာဆင်နယ်အသင်းတို့ နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဗြိတိသျှ မီဒီယာတွေမှာတော့ တိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ ကွင်းလယ်သမား အိုဇေးတို့ဟာ လက်ရှိ လစာထက် ပိုပြီး ရလိုတဲ့အကြောင်း ခန့်မှန်းဖော်ပြနေပါတယ်။ နည်းပြ အာစင်ဝင်းဂါးကတော့ သူတို့နှစ်ယောက် စာချုပ်ကိစ္စကို ဒီနှစ်ရာသီ မကုန်ခင် ဖြေရှင်းသွားမယ်လို့ ပြောဆိုထားပါတယ်။ အာဆင်နယ်အသင်းဟာ လောလောဆယ် ပရီးးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
More News
Up