အာဆင်နယ်ပရိသတ်တွေအနေနဲ့ နည်းပြ အာစင်ဝင်းဂါးကို အားပေးထောက်ခံကြဖို့ အသင်းရဲ့ အမှုဆောင်အ ရာရှိချုပ် ဂါဇီဒစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြင်သစ်နည်းပြ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့လကမှ အသင်းနဲ့ ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာပါ။
အာစင်ဝင်းဂါးအနေနဲ့ ကစားသမားကောင်းတွေကို ခေါ်ယူခြင်းမရှိတဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
လက်ရှိအချိန်မှာတော့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်နေတာကြောင့် အာစင်ဝင်းဂါးကို အားပေးထောက်ခံကြဖို့ အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်ကပြောပါတယ်။
ပရိသတ်တွေရဲ့ မကျေနပ်မှုတွေကို အသင်းဘုတ်အဖွဲ့က သိရှိထားပြီး အဲဒီလိုဖြစ်နေရတဲ့အတွက်လည်း ပရိသတ်တွေကို တောင်းပန်လိုတယ်လို့ ဂါဇီဒစ်က ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ်အပြောင်းအရွှေ့မှာ ရှော်ကေးနောက်ခံလူ ကိုလာစီနက်တစ်ဦးကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
6 years Ago