အာစင်ဝင်းဂါးအား အာဆင်နယ်ပရိသတ်အချို့ ကန့်ကွက်ဆန္ဒပြ

March 8, 2017

အာစင်ဝင်းဂါးအား အာဆင်နယ်ပရိသတ်အချို့ ကန့်ကွက်ဆန္ဒပြ

အာဆင်နယ်ပရိသတ်တချို့က နည်းပြ အာစင်ဝင်းဂါးကို မတ်လ ၇ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်မတိုင်ခင် အမ်းမရိတ် ဘောလုံးကွင်း အပြင်ဘက်မှာ ပရိသတ်တွေ စုရုံးပြီး ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အာဆင်နယ်အသင်းဟာ ရလဒ်တွေဆိုးဝါးနေသလို နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲရှုံးထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရောက်ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ဝေးကွာနေတာ ၁၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ အက်ဖ်အေဖလားတခုကိုပဲ ရရှိထားပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ မှာ စတင် ကိုင်တွယ်ခဲ့တာပါ။ ပရိသတ်တွေအနေနဲ့ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေရတာ ကြာနေပြီဖြစ်လို့ သည်းမခံနိုင်ဘဲ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
5 years Ago
Up