ဘုန်းမောက်အသင်းဆီအငှားချထားတဲ့ ဂျက်ဝဲလ်ရိုင်းယားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းသွားမယ်လို့ အာစင်နယ်နည်းပြ အာစင်ဝင်းဂါးကပြောပါတယ်။
ဝဲလ်ရိုင်းယားဟာ အာစင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈လသာကျန်တော့ပြီး အင်္ဂလန်လက်ရွေးစင်ကစာသမားကို အသင်းမှာဆက်ရှိဖို့ အာစင်ဝင်းဂါးကဆန္ဒရှိနေ တာပါ။အသက်၂၄နှစ်ရှိဝဲလ်ရိုင်းယားဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘုန်းမောက်အသင်းအတွက်၉ပွဲကစားထား ပြီး အာဆင်နယ်အသင်းမှာ ပြန်ရောက်မယ်ဆိုရင် ပွဲထွက်ကစားခွင့်မရရှိရင် အသင်းပြောင်းနိုင်တယ်လို့ ပြောကြား ထားတာပါ။ဝဲလ်ရိုင်းယားဟာ ဘုန်းမောက်အသင်းမှာ ပွဲထွက်ကစားခွင့်ရနေတဲ့အတွက် အင်္ဂလန်လက်ရွေးစင် အသင်းမှာလည်းပြန်လည်ရွေးချယ်ခံခဲ့ရပြီး တဖြည်းတဖြည်းနဲ့ ပုံမှန်ခြေစွမ်းပြသနေပြီဖြစ်တယ်လို့ အာစင် ၀င်းဂါးကပြောပါတယ်။အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ၂၀၁၇ ဇန်န၀ါရီလအတွင်းမှာ ၀ဲလ်ရိုင်းယားနဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
4 years Ago