အာဂွန်မီးတောင်

June 29, 2018

အင်ဒိုနီးရှား အာဂွန်မီးတောင် ပေါက်ကွဲ၊ နိုင်ငံတကာလေဆိပ် ပိတ်ထားရ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက အာဂွန်မီးတောင်ဟာ ပေါက်ကွဲနေတာကြောင့် ကျွန်းပေါ်က နိုင်ငံတကာလေဆိပ်ကို ဇွန်လ ၂၉ ရက်နေ့မှာ ပိတ်ထားလိုက်ပါတယ်။ ဇွန်လ ၂၈ ရက်ညနေပိုင်းမှာ မီးတောင်က ပြာတွေမှုတ်ထုတ်နေပုံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ လေဆိပ်ကို ဇွန်လ ၂၉ ရက် ညပိုင်းအထိ ပိတ်ထားမှာဖြစ်လို့ လေယာဉ်ခရီးစဉ် ၄၈ ခု ဖျက်သိမ်းထားပါတယ်။ ဒါ့ကြောင့် ဘာလီလေဆိပ်မှာ ခရီးသည် ၈,၃၀၀ ကျော် ခရီးမဆက်နိုင်ဘဲ သောင်တင်နေပါတယ်။ အာဂွန်မီးတောင်ဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ပြင်းအားမတူတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ထားပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဒီဇင်ဘာလတုန်းကလည်း လေဆိပ်ပိတ်ခဲ့ရပြီး မီးတောင်အနီးနားမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
3 years Ago
Up