အာဂျင်တီးနားဒုသမ္မတ

July 6, 2020

အာဂျင်တီးနားဒုသမ္မတ၏ကိုယ်ရေးအရာရှိ အလောင်း ပြန်တွေ့ 

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ဒုသမ္မတရဲ့ ကိုယ်ရေးအတွင်းဝန် ဖာဘီယံ ဂုတီးယားရက်စ်ရဲ့ အလောင်းကို အယ်လ်ကာလာဖာတေမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းထားတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ သံသယဖြစ်စရာ ထိုးသွင်းဒဏ်ရာတခုနဲ့ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ထားတဲ့လက္ခဏာတွေ ရှိနေတဲ့ ရုပ်အလောင်းကို သံသယရှိသူ တယောက်ရဲ့ အိမ်မှာ တွေ့ခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ဂုတီးယားရက်စ်ဟာ အများပြည်သူဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စတရပ်နဲ့ ပတ်သက်နေပါတယ်။ သူဟာ ၂၀၁၉ မှာတော့ ငွေမည်း ခဝါချမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရဖူးပါတယ်။
10 months Ago
Up