အာဂျင်တီးနားကစားသမား

September 6, 2021

အာဂျင်တီးနားကစားသမား ၄ ဦးကို ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးရန် ဘရာဇီးတာဝန်ရှိသူများ စီစဉ်

ကိုဗစ်စည်းကမ်းဖောက်ဖျက်ပြီး ဘရာဇီးနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ အာဂျင်တီးနားကစားသမား ၄ ဦးကို ဘရာဇီးကျန်းမာရေးတာဝန်ရှိသူတွေဟာ ငွေဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးဖို့ ရှိနေပါတယ်။

အာဂျင်တီးနားအသင်းဟာ မနေ့ညက ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ရှင် ဘရာဇီးနဲ့ ပွဲချိန် ၇ မိနစ်အရောက်မှာ ဘရာဇီးကျန်းမာရေးတာဝန်ရှိသူတွေက ပွဲကိုရပ်ပြီး ကစားကွင်းထဲဝင်ရောက်လာခဲ့ကြတာပါ။

အဲဒီနောက် ပရီးမီးယားလိဂ်က ကစားသမားတွေဖြစ်တဲ့ ဗီလာဂိုးသမား မာတီနက်ဇ်၊ စပါးကွင်း လယ်လူ လိုဆယ်ဆိုနဲ့ နောက်ခံလူရိုမဲရိုးတို့ကို ခေါ်ထုတ်သွားဖို့ ကြိုးပမ်းခဲ့တာပါ။

အဆိုပါ ကစားသမား ၃ ဦးနဲ့ လူစာရင်းမှာမပါဝင်ခဲ့တဲ့ ဗီလာကွင်းလယ်လူ ဘွန်ဒီယာတို့ဟာ ဘရာဇီးနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး ၁၄ ရက် သီးသန့်နေထိုင်းခြင်းမရှိတာကြောင့်လို့ ဘရာဇီးကျန်းမာရေးတာဝန်ရှိသူတွေဘက်ကဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘရာဇီးနဲ့ အာဂျင်တီးနားပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဖီဖာက ဆက်လက်ဆုံးဖြတ်သွားလိမ့်မယ်လို့ တောင်အမေရိက  ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဂျင်တီးနားနည်းပြကတော့ ကစားသမားတွေဘက်က ကာကွယ်ပြောဆိုခဲ့ပြီး  ပွဲကစားချိန်အတွင်းမှာ လာရောက်တားဆီးတာမျိုး မလုပ်ဆောင်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ 

3 months Ago
Up