အာဂျင်တီးနား

September 3, 2021

Southern Cone ဒေသရှိ ရေပိုင်နက် ချီလီပိုင်မှု အာဂျင်တီးနား ပယ်ချ

Southern Cone ဒေသထဲက ရေပိုင်နက်အတွင်း နိုင်ငံတကာရေပိုင်နက်ကို သူပိုင်တယ်ဆို တဲ့ ချီလီနိုင်ငံရဲ့အခိုင်အမာ ပြောဆိုချက်ကို အာဂျင်တီးနားအစိုးရက စက်တင်ဘာ ၁ ရက်မှာ ပယ်ချလိုက်ပါတယ်။

နှစ်နိုင်ငံစလုံးမှာ ရွေးကောက်ပွဲ မဲဆွယ်နေချိန်မှာ မထင်မှတ်ဘဲ အချေအတင် ဖြစ်လာခဲ့တာပါ။

အရင်အပတ်က အမိန့်ဒီဂရီအရ ချီလီနိုင်ငံရဲ့ ကမ်းရိုးရေတိမ်ပိုင်းရဲ့ အတိုင်းအတာ ပမာဏဟာ အာဂျင်တီးနား နိုင်ငံရဲ့ ဧရိယာနဲ့ စတုရန်းမိုင် ၁၉၃၀ ထပ်နေခဲ့တယ်လို့ ချီလီသမ္မတ စီဘတ်စ်စီယံ ပစ်နေးရားက ပြောပါတယ်။

ချီလီရဲ့ရည်မှန်းချက်က ၁၉၈၄ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးသဘောတူစာချုပ်ရဲ့ အနှစ်သာရနဲ့ရော စကားလုံးအရပါ ဆန့်ကျင်နေတယ်လို့ အာဂျင်တီးနား အဓိပတိ ဖိလစ်ပ် ဆိုလာက အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မရှင်ရဲ့ အစည်းအဝေးအတွင်း ဩဂုတ် ၁ ရက်နေ့က ပြောခဲ့ပါတယ်။

ပစ်နေးရားက ကုလသမဂ္ဂမှာ တိုင်တန်းဖို့ ကြိုးစားနေပြီး ၂ နိုင်ငံကြား တင်းမာမှုပြန်စ ခဲ့တာပါ။

လောလောဆယ်မှာ အာဂျင်တီးနားနိုင်ငံက သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး ချီလီနိုင်ငံကတော့ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

3 weeks Ago

August 19, 2021

အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အာဂျင်တီးနားတဝန်း ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံတဝန်း အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့နဲ့ ပိုကောင်းတဲ့ အိမ်ရာတွေတည်ဆောက်ပေးဖို့  ထောင်ချီတဲ့ပြည်သူတွေ သြဂုတ် ၁၈ ရက်က တောင်းဆို ဆန္ဒပြကြပါတယ်။

လက်ဝဲယိမ်း အလုပ်သမားပါတီနဲ့ မိတ်ဖက်ဖြစ်တဲ့ ပိုလိုအိုဘရီရို လူမှုအဖွဲ့အစည်းက ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းတွေပါတဲ့ အုပ်စုက ချီတက်ပွဲကို စီစဉ်ခဲ့တာပါ။

ပြည်နယ် ၂၂ ခုက မတူတဲ့နေရာ ၁၀၀ လောက်မှာ ပြည်လုံးကျွတ် ဆန္ဒပြပွဲကို လူ အယောက် ၇၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့လို့ ဒါဟာ ကြီးမားတဲ့ လှုပ်ရှားမှုပဲလို့ ပိုလို အိုဘရီရို အဖွဲ့ခေါင်းဆောင် အက်ဒွါဒို ဘဲလီဘိုနီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လူမှုရေး အစီအစဉ်တွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ အိမ်ခြေမဲ့တွေ အတွက် အခမဲ့ စားစရာအလှူအတွက် အထောက်အပံ့တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ 

1 month Ago
More News
Up