အာဂျင်တီးနား လူငယ်နောက်ခံလူ ဂျူအန်ဖွိုက်သ်ကို စပါးခေါ်ယူ

August 31, 2017

အာဂျင်တီးနား လူငယ်နောက်ခံလူ ဂျူအန်ဖွိုက်သ်ကို စပါးခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အာဂျင်တီးနားကလပ် အက်စ်တူဒီယန်ရဲ့ ဗဟိုနောက်ခံလူ ဂျူအန်ဖွိုက်သ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းပေးပြီး ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဂျူအန်ဖွိုက်သ်ဟာ ပြီးခဲ့တဲ့ရာသီကမှ အက်စ်တူဒီယန်အသင်းကြီးမှာ ပွဲထွက်ခွင့်ရပြီး ၇ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင်တဦးလည်းဖြစ်တဲ့ ဂျူအန်ဖွိုက်သ်ဟာ ဒီရာသီ စပါးအသင်းရဲ့ တတိယမြောက်ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။ စပါးအသင်းဟာ အသက် ၂၄ နှစ်အရွယ် ပီအက်စ်ဂျီနောက်ခံလူ အော်ရီယာကိုလည်း ခေါ်ယူဖို့ နီးစပ်နေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up