အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ဒဏ်ရာရ

May 29, 2016

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ဒဏ်ရာရ

မေ ၂၇ ရက်နေ့က အာဂျင်တီနား ဘောလုံးအသင်းနဲ့ ဟွန်းဒူးရက်စ် အသင်းတို့ ချစ်ကြည်ရေးပွဲမှာ အာဂျင်တီးနားအသင်းက ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပေမယ့်ရှေ့တန်း တိုက်စစ်မှူး မက်ဆီကတော့ ဒဏ်ရာရပြီး ထွက်ခဲ့ရပါတယ်။ မက်ဆီရဲ့ဒဏ်ရာ အခြေအနေက  ကိုပါအမေရိကား ဖလားပွဲတွေမှာ ဆက်ကစားနိုင်မလား ဆိုတာကတော့ ဆရာဝန်တွေဆီက အဖြေကို စောင့်ရမယ်လို့ အသင်းရဲ့နည်းပြ မာတင်နိုက ပြောပါတယ်။ အလွန်အကျွံ စိုးရိမ်တာမျိုး မဟုတ်ဘဲ ဆရာဝန်တွေဆီက အဖြေကိုပဲ စောင့်နေတယ်လို့  နည်းပြကဆိုပါတယ်။ အသင်းရဲ့ ဆရာဝန်တွေကလည်း မက်ဆီရဲ့ဒဏ်ရာက ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကို ပြောဖို့ စောသေးတယ်လို့ ပြောခဲ့ပါတယ်။ ဒဏ်ရာက ကျောအောက်ပိုင်းနဲ့ နံရိုးအိမ် ထိခိုက်သွားတာလို့ ဆိုပါတယ်။ အာဂျင်တီးနား အသင်းဟာ ဇွန်လ ၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်မယ့် ကိုပါ အမေရိကားဖလားအတွက် ချစ်ကြည်ရေးပွဲတွေကို ကစားနေတာ ဖြစ်ပါတယ်။
6 years Ago
Up