အာဂျင်တီးနားသမ္မတ

November 23, 2015

အာဂျင်တီးနား သမ္မတရွေးကောက်ပွဲ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီကိုယ်စားလှယ် အနိုင်ရ

အာဂျင်တီးနားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီက ကိုယ်စားလှယ် မော်ရီစီယို မာခရီက အနိုင်ရသွားပါတယ်။ ရုန်းကန်နေရတဲ့ နိုင်ငံ့စီးပွားရေးမှာ စီးပွားလုပ်ရ အဆင်ပြေတဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကတိတွေနဲ့ မဲနိုင်ခဲ့တာပါ။ သူ့ကို ထောက်ခံသူတွေက ညွန့်ပေါင်းအဖွဲ့ ဗဟိုဌာနချုပ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က အောင်ပွဲကျင်းပခဲ့ပါတယ်။ ဗျူးနော့စ် အေးရီး မြို့တော်ဝန်လည်းဖြစ်တဲ့ ရွေးကောက်ခံ သမ္မတလောင်း မာခရီက "ကျနော်တို့ အိပ်မက် မက်ထားတဲ့ အာဂျင်တီးနားနိုင်ငံကို အတူတည်ဆောက်ဖို့ ယုံကြည်ချက် ရှိတဲ့အတွက် ကျေးဇူတင်တယ်" လို့ ပြောပါတယ်။ ထောက်ခံသူတွေ ဝိုင်းနေတဲ့ လက်ရှိ သမ္မတ စီယိုလီက အရှုံးကိုဝန်ခံပြီး နိုင်ငံအတွက် ကောင်းမွန်တဲ့ အောင်မြင်မှုဖြစ်ဖို့ ဆန္ဒပြုကြောင်း ရွေးကောက်ခံဆီ ဖုန်းဆက်ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ ဆိုပါတယ်။ တတိယမြောက် ဆက်တိုက်သမ္မတဖြစ်ခွင့် မရှိတဲ့ ဖာနန်ဒဲ့ဇ်ဟာ အာဂျင်တီးနား သမ္မတရုံးကနေ ထွက်ခွာတော့မှာပါ။ အားနည်းတဲ့ စီးပွားတိုးနှုန်းကြောင့်လည်း သူ့မူဝါဒတွေကို ပြစ်တင်ဝေဖန်ခံနေရပါတယ်။ နိုင်ငံတွင်း အကာအကွယ်ပေးတဲ့ မူဝါဒနဲ့ အလုပ်သမား အခွင့်အရေးအတွက် ခုခံမှုတွေကြား သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။
6 years Ago
Up