အာဂျင်တီးနားလွှတ်တော်တွင်း ဆွေးနွေးငြင်းခုန်ရာမှ တဦးနှင့်တဦး ထိုးကြိတ်

April 6, 2017

အာဂျင်တီးနားလွှတ်တော်တွင်း ဆွေးနွေးငြင်းခုန်ရာမှ တဦးနှင့်တဦး ထိုးကြိတ် (ရုပ်သံ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအရီးစ်မြို့ လွှတ်တော်အတွင်းမှာ ဧပြီ ၅ ရက်နေ့က လွှတ်တော်အမတ်တွေ ဆွေးနွေးငြင်းခုန်ရာကနေ တဦးနဲ့တဦး ထိုးကြိတ်တဲ့အဆင့်ထိ ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ လက်ရှိအာဏာရ ပီအာရ်အိုပါတီအမတ်တွေနဲ့ အတိုက်အခံ ပီဂျေပါတီအမတ်တွေ ငြင်းခုန်ရာကနေ ကိုယ်ထိလက်ရောက် ဖြစ်ခဲ့တာပါ။ အကြောင်းအရာတခုကို ဆွေးနွေးရာမှာ အတိုက်အခံပါတီက အာဏာရပါတီကို ပြင်းပြင်းထန်ထန် စတင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ အာဏာရပါတီအမတ်တွေက ဝေဖန်မှုကို ပြန်လည်ချေပဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် နောက်ဆုံး ချေပဆွေးနွေးခွင့် မရတဲ့အတွက် အာဏာရပါတီအမတ်တဦးက စတင်ပြီး လက်သီးနဲ့ထိုး၊ ခြေနဲ့ ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ တဦးတယောက်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပေမယ့် ဒီကိစ္စအပေါ် လွှတ်တော်ဥက္ကဋ္ဌက တရားဝင် ကြေညာချက်ထုတ်ပြီး ပြစ်တင်ဝေဖန်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up