အာဂျင်တီးနားတွင်

January 29, 2018

အာဂျင်တီးနားတွင် ရိုးရာလူရိုင်းပွဲတော် ကျင်းပ

အာဂျင်တီးနားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ အထင်ကရ ရိုးရာပွဲတော်တခုဖြစ်တဲ့ လူရိုင်းပွဲတော်ကို ဥရုဂွေးနိုင်ငံနဲ့ နယ်စပ်နားက ဂွါလေဂွိုင်ချူမြို့မှာ ဇန်နဝါရီ ၂၈ ရက်က စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ ပွဲတော်ရဲ့ လူရိုင်းအကပြိုင်ပွဲမှာ အကသမား ၃၀၀ ဝန်းကျင်ပါဝင်တဲ့ အသင်းသုံးသင်းက ပထမဆုရရှိဖို့ ကပြနေကြတာပါ။ ဒိုင်တွေက အကပြိုင်သူတွေကို ဝတ်စုံတွေနဲ့ ကကွက်ဖန်တီးမှုတွေအပေါ် အခြေခံပြီး အကဲခတ် ဆုံးဖြတ်ကြမှာပါ။ အခမ်းအနားတက်ရောက်သူ တသောင်းခွဲလောက်ရှိနေတဲ့ အာဂျင်တီးနား လူရိုင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ဆက်ကျင်းပသွားမယ့်အကြောင်း ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
3 years Ago
Up