အာဂျင်တီးနားက ပါရာဂွေးကို ဂိုးပြတ်နိုင်ပြီး ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

July 4, 2015

ကိုပါဖလား တတိယလုပွဲ ပီရူး ၂-၀ ပါရာဂွေး (ရုပ်သံဟိုက်လိုက်)

ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲမှာ ပီရူးအသင်းက တတိယနေရာ ရရှိသွားပါတယ်။ ဇူလိုင် ၃ ရက်မှာ ကစားသွားတဲ့ တတိယလုပွဲမှာ ပီရူးအသင်းက ပါရာဂွေးအသင်းကို သက်တောင့်သက်သာ ကစားပြီး ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရ တတိယနေရာ ရသွားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ပေမယ့် ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ အန်ဒရီ ကာရီလိုနဲ့ ၈၉ မိနစ်မှာ ပေါ်လို ဂူရီလိုတို့က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပီရူးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားသွားတာလည်း ဖြစ်ပါတယ်။ ပီရူးနည်းပြ ရီကာဒို ဂါရီဆာကတော့ သူရဲ့ ကစားသမားတွေကို ချီးကျူးလိုက်ပြီးနောင်မှာ ဒီထက်ပိုမို တိုးတက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ "ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုကောင်းအောင် ပြောင်းလဲနိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်နဲ့ အဆုံးသတ်နိုင်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ဇွန် ၅ ရက် မြန်မာ စံတော်ချိန် မနက် ၃ နာရီခွဲမှာ ၂၀၁၅ ခုနှစ် ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် အိမ်ရှင် ချီလီနဲ့ အာဂျင်တီးနား အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။  
6 years Ago

July 3, 2015

ကိုပါဖလား ချီလီ - အာဂျင်တီးနား ဘယ်အသင်း ဗိုလ်စွဲမလဲ

ဇွန် ၄ ရက်မှာ ၂၀၁၅ ခုနှစ် ကိုပါ အမေရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ချီလီနဲ့ အာဂျင်တီးနား အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အိမ်ရှင် ချီလီဟာ ဆီမီးဖိုင်နယ်မှာ ပီရူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့သလို အာဂျင်တီးနားကလည်း ပါရာဂွေးကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ယှဉ်ပြိုင်မယ့် ချီလီနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဘယ်အသင်းအနိုင်ရပြီး ချန်ပီယံဖြစ်မလဲဆိုတာ ဒီဗွီဘီ Vote မှာ ရွေးချယ်နိုင်ပါတယ်။ [yop_poll id="43"]
6 years Ago
Up