အာဂျင်တီးနား

July 7, 2019

အာဂျင်တီးနားက ချီလီကို ၂-၁ ဂိုးဖြင့်နိုင်ပြီး ကိုပါအမေရိကဖလား တတိယရရှိ (ရုပ်သံ)

ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီနေ့မနက်အစောပိုင်း ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အာဂျင်တီးနားအသင်းက ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချီလီအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းမှုတွေမှာ အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။  တောင်အမေရိက ကလပ်အသင်းတွေ ကစားတဲ့ပြိုင်ပွဲဖြစ်လို့ တဖက်နဲ့တဖက် အင်အားသုံးကစားခဲ့တာကြောင့် ပြစ်ဒဏ်ဘောတွေ မကြာခဏ သတ်မှတ်ပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာ ချီလီအသင်းက ဂယ်ရီမက်ဒယ်နဲ့ အာဂျင်တီးနားအသင်းက မက်ဆီတို့ အချင်းများခဲ့လို့ နှစ်ယောက်လုံး အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ အာဂျင်တီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၁၂ မိနစ်နဲ့ ၂၂ မိနစ်တို့မှာ အဂူရိုနဲ့ ဒိုင်ဘာလားတို့က သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ချီလီအသင်းက မထင်မှတ်တဲ့အနေအထားကနေ အငြင်းပွားဖွယ် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဗီဒယ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်း အရှုံးတွေနဲ့ပဲ လှည့်ပြန်ခဲ့ရတဲ့ ချီလီတို့ အာဂျင်တီးနားကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ လက်ကျန်မိနစ်တွေမှာ ကြိုးစားခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်တန်း အော့တာမန်ဒီ၊ ပက်ဇဲလာ၊ ဖွိုက်တို့ကို မကျော်နိုင်ဘဲ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံ ၁၄ ကြိမ်၊ ဒုတိယ ၁၄ ကြိမ်နဲ့ တတိယ ၅ ကြိမ် ရရှိထားပြီးတော့ ဖလား ၁၅ လုံးရရှိထားတဲ့ ဥရုဂွေးရဲ့နောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ ကိုပါအမေရိကဖလား  နောက်ဆုံး ဗိုလ်လုပွဲကိုတော့  ဇူလိုင် ၈ ရက်နေ့မှာ ပီရူးအသင်းနဲ့ နာမည်ကြီး အိမ်ရှင်ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
2 years Ago

July 6, 2019

အာဂျင်တီးနားတွင် စက်ချို့ယွင်းပြီးရပ်ထားသည့် ကားပေါ်မှ ဝက်သားများအား ဒေသခံများ လုယက်

အာဂျင်တီးနားနိုင်ငံ ဆန်တာဖီမြို့က အဝေးပြေးကားလမ်းဘေးမှာ ပေါ်ပြီးသားဝက်တွေ တင်လာတဲ့ ကားတစီး စက်ချို့ယွင်းပြီးနောက် ကားပေါ်ပါလာတဲ့ ဝက်သားတွေကို ဒေသခံတွေ အလုအယက် ဆွဲယူနေကြတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဇူလိုင် ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီကုန်တင်ကားဟာ ဆန်တာဖီမြို့ပြင်ဘက် အမှတ် ၁၆၈ အဝေးပြေး ကားလမ်းမကြီးပေါ်မှာ မောင်းနှင်လာချိန် စက်ချို့ယွင်းပြီး ရပ်သွားခဲ့တာပါ။ ကားရပ်သွားတဲ့အချိန်မှာ ပေါ်ပြီးသား ဝက်အစိတ်အပိုင်းတချို့ လမ်းပေါ် ထွက်ကျလာခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ အဲဒီအချိန် အနားကဒေသခံတွေ စုဝေးရောက်ရှိလာပြီး လမ်းပေါ်ကျနေတဲ့ အစိတ်အပိုင်းတွေကိုသာမက ကားထဲမှာရှိနေတဲ့ ဝက်သားတွေကိုပါ အခြမ်းလိုက် ဆွဲယူခဲ့ကြတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ဒေသခံတယောက်က သူရတဲ့ဝက်ဟာ နောက်ဆုံးလက်ကျန်ဖြစ်ပြီး မနက် ၉ နာရီကတည်းက ဒီနေရာမှာ စောင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဒေသခံတယောက်ကတော့ လိုအပ်သူတွေကို ဝက်သားတွေ ပေးသင့်တယ်လို့ ပြောပါတယ်။
2 years Ago
More News
Up