ငါးတကောင်နဲ့ မြွေတကောင် တွေ့ဆုံးတိုက်ခိုက်မှုဟာ တကယ့်ကို ထူးခြားတိုက် ဆိုင်မှုပါပဲ။
ဒါပေမယ့် အိန္ဒိယနိုင်ငံမြောက်ပိုင်းကျေးရွာတရွာမှာတော့ ဒါဟာ တကယ့်ကို ဖြစ်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူ့ထက်အရွယ်အစားများစွာကြီးတဲ့ မြွေကြီးတကောင်ကို ကိုက်ခဲထားခဲ့တဲ့ ငါးတကောင်ရဲ့ အာဂသတ္တိကို တွေ့မြင်ကြရမှာပါ။
မျက်မြင်တွေ့ရှိသူတွေက ဒီအဖြစ်အပျက်ကို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထား ခဲ့ကြတာပါ။
တကယ်တမ်းတော့ ဒီမြွေကြီးနဲ့ ငါးကလေးဟာ အနီးနားရေကန်တကန်ထဲမှာ စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အဲဒီနောက်မှာမှ ကုန်းပေါ်ကို ရောက်ရှိလာခဲ့ကြတာလို့ ဆိုပါတယ်။
ရွာသားတွေဟာ အပေါ်ကနေ ရေတွေလောင်းချခဲ့ကြပြီး တကောင်နဲ့ တကောင် ကိုက်ခဲနေတာကို ဖြေလျှော့စေဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ငါးကလည်း မြွေရဲ့ ဦးခေါင်းကို ခဲထားခဲ့သလို မြွေကလည်း တန်ပြန်ဝါးမျိုနိုင်ဖို့ ကြိုးစားခဲ့ကြတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ငါးရော မြွေပါ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
6 years Ago