အာကာသ ဒုံးပျံယာဉ် စမ်းသပ်ပစ်လွှတ်စဉ် ကြောက်မက်ဖွယ်ပေါက်ကွဲ(ရုပ်သံ)

A d v e r t i s e m e n t With Us

September 4, 2016

အာကာသ ဒုံးပျံယာဉ် စမ်းသပ်ပစ်လွှတ်စဉ် ကြောက်မက်ဖွယ်ပေါက်ကွဲ(ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ SpaceX ဒုံးပျံယာဉ်ကို စမ်းသပ်ပစ် လွှတ်ချိန်မှာ မီးတောက်မီးလျှံတွေနဲ့အတူ ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့တယ်လို့ အေဘီ စီသတင်းမှာ စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်မှတ်တမ်းကို အမေရိကန်အခြေစိုက် USLaunchReport က ရိုက်ကူးခဲ့တာပါ။ အဆိုပါ ဒုံးပျံယာဉ်ဟာ မြေပြင်ကနေ ပစ်လွှတ်လိုက်ပြီးနောက်မှာ အပေါ်ပိုင်း သုံးပုံတပုံနေရာကနေ စတင်ပြီး ပေါက်ကွဲလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးတောက်မီးလျှံလုံး တွေနဲ့ မီးဖွားတွေဟာ အပြင်ကို ထွက်ကျလွင့်စင်ခဲ့တာကို တွေ့ရပါတယ်။ မကြာခင်မှာပဲ မီးတောက်မီးလျှ့တွေဟာ ယာဉ်ရဲ့အပေါ်ပိုင်းမှာ မှိုပွင့်သဏ္ဌာန်ထိုး တက်သွားခဲ့ကြပြီးမှ အချိန် ၁၂ စက္ကန့်ကြာခဲ့ပြီးချိန်မှာတော့ ပေါက်ကွဲသံတွေကို ကြား ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ရိုက်ကူးခဲ့ချိန်ပြီးတဲ့အချိန်ထိ လိမ္မော်ရောင် မီးတောက်မီးလျှံလုံး တွေ၊ မီးခိုးလုံးမဲမဲတွေဟာ ဒေါင်လိုက်အနေအထားနဲ့ ဒုံးပျံရဲ့ အပေါ်ပိုင်းမှာ ပျံ့နှံ့နေခဲ့ တာပါ။ ဒီ ထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင် အပြည့်အစုံကိုတော့ အောက်က လင့်ခ်မှတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
4 years Ago
Up