အသက် ၉၅ နှစ်အရွယ်ရှိ အထက်လွှတ်တော်အမတ်ဟောင်း နာမည်ကျော် အမေရိကန်အာသယာဉ်မှူး ဂျွန်ဂလင်း ဒီဇင်ဘာ ၈ ရက်နေ့က အိုဟိုင်းအိုးပြည်နယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
သူဟာ ကမ္ဘာမြေကို ပတ်နိုင်တဲ့ ပထမဦးဆုံး အမေရိကန်အာကာသယဉ်မှူး ဖြစ်ပါတယ်။ မစ္စတာ ဂလင်းဟာ ဒုတိယကမ္ဘာစစ်နဲ့ ကိုးရီးယားစစ်ပွဲတွေမှာ Marine fighter pilot တဦးအဖြစ် တာဝန်ထမ်းခဲ့ပြီး တိုက်ပွဲမစ်ရှင် ၁၄၉ ခု ပါဝင်ဆင်နွှဲခဲ့ပါတယ်။
အဲဒီနောက် အာကာသယဉ်မှူးတဦးဖြစ်လာပြီး ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Friendship 7 လို့ အမည်ပေးထားတဲ့ အာကာသယဉ်ကို ပျံတက်ရင်း ၅ နာရီအတွင်း ကမ္ဘာမြေကို ၃ ကြိမ်တိတိ ပတ်ပြနိုင်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့အသည်းစွဲ နာမည်ကျော် အာကာသယဉ်မှူးတဦး ဖြစ်လာခဲ့ပါတယ်။
ဒီ့နောက်မှာတော့ အထက်လွှတ်တော် အမတ်တစ်ဦးအဖြစ် ၂၄ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး သမတလောင်းအဖြစ် တကြိမ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။
မစ္စတာ ဂလင်း ဈာပန အခမ်းအနားကို အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့အနုပညာရှင်အတော်များများ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
6 years Ago