နိုင်ငံတကာ အာကာသစခန်းက Expedition 59 ယာဉ်အမှုထမ်း ၃ ယောက်ဟာ ဇွန်လ ၂၅ ရက်နေ့မှာ ကမ္ဘာမြေဆီ အန္တရာယ်ကင်းစွာ ပြန်ရောက်လာခဲ့ပါတယ်။
နာဆာ အင်ဂျင်နီယာ အန်းမက်ကလိန်း၊ ရုရှား အာကာသအေဂျင်စီ Roscosmos ကွန်မန်ဒါ အော်လစ် ကွန်နန်းညန်သီနဲ့ ကနေဒါ အာကာသအေဂျင်စီက ဒေးဗစ် စိန့်ဂျက်တို့ကို ကမ္ဘာမြေဆင်းသက်ပြီး မကြာခင်မှာပဲ ယာဉ်အတွင်းကနေ ဆွဲထုတ်ခဲ့ပါတယ်။
အာကာသယာဉ်မှူး ၃ ယောက်ဟာ ကမ္ဘာမြေကို ၃,၂၆၄ ကြိမ် လှည့်ပတ်ပြီး စုစုပေါင်းမိုင် ၈၆ သန်းကျော် ခရီးနှင်ကာ နိုင်ငံတကာ အာကာသစခန်းမှာ ၂၀၄ ရက်ကြာ နေထိုင်ခဲ့ပါတယ်။
နိုင်ငံတကာ အာကာသစခန်းမှာနေစဉ် သူတို့ဟာ ဇီဝဗေဒ၊ ဇီဝနည်းပညာ၊ ရူပသိပ္ပံနဲ့ မြေကမ္ဘာသိပ္ပံ ပညာရပ်တွေမှာ ရာနဲ့ချီတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီထဲမှာ လူသားခန္ဓာကိုယ်အစိတ်အပိုင်း တည်ဆောက်ပုံ၊ လုပ်ဆောင်ချက်တွေနဲ့ ပုံစံတူလုပ်ဆောင်တဲ့ ကိရိယာငယ်တွေကို စုံစမ်းတာ၊ အာကာသအတွင်း ပထမဆုံးအကြိမ် ဒီအင်န်အေပြုပြင်တာနဲ့ 3D ပရင့်ထုတ်ပစ္စည်းကို ပြန်လည်သုံးတာတွေ ပါဝင်ပါတယ်။
2 years Ago