အာကာသထဲ အမေရိကန်ဘောလုံးအသင်းဝတ်စုံများဝတ်ပြီး ဂုဏ်ပြု (ရုပ်သံ)

February 4, 2017

အာကာသထဲ အမေရိကန်ဘောလုံးအသင်းဝတ်စုံများဝတ်ပြီး ဂုဏ်ပြု (ရုပ်သံ)


by dvburma အာကာသထဲရောက်နေတဲ့ အမေရိကန်အာကာသယာဉ်မှူးတွေဟာ ဖေဖော်ဝါရီ ၅ ရက် နေ့စတင်မယ့် အမျိုးသားဘောလုံးအသင်းချုပ် NFL Super Bowl ချန်ပီယံလုပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ မိမိနှစ်သက်ရာ ဘောလုံးအသင်းဝတ်စုံတွေကို အာကာသယာဉ်ထဲမှာ ၀တ်ဆင်ပြသခဲ့ပါတယ်။ နိုင်ငံတကာအာကာသစခန်း ISS ကွန်မန်ဒါ ရှိန်းကင်ဘရော့နဲ့ NASA အင်ဂျင်နီယာ ပက်ဂီဝစ္စတန်တို့နှစ်ဦး အမေရိကန်ဘောလုံး အသင်းဝတ်စုံတွေ ထည့်ထားတဲ့အိတ်ကိုဖွင့်ပြီး မိမိနှစ်သက်ရာ အသင်းဝတ်စုံတွေ ရွေးချယ်ဝတ်ပြပုံကို မြေပြင်ရှိ NASA အာကာသစခန်းက ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီနောက် အာကာသယာဉ်မှူးတဦးက ဘော့လုံးကို ပစ်ပေါက်ပြသတဲ့အခါ တစက္ကန့်ကို  8,800 ကိုက်နှုန်းနဲ့ လွင့်ထွက်သွားတာကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ အာကာသယာဉ်မှူးနှစ်ဦး အာကာသယာဉ်ထဲမှာ အိပ်စက်နေချိန် တနင်္ဂနွေနေ့မှာ Super Bowl ချန်ပီယံလုပွဲ စတင်မှာဖြစ်ပါတယ်။ နောက်တရက်မှာတော့ အဲဒီအာကာသယာဉ် မြေပြင်ကိုပြန်ရောက်လာပြီး ဟောက်စ်တန်မြိုက  ဘောလုံးပွဲကို အာကာသယာဉ်မှူးနှစ်ဦးစလုံး ကိုယ်တိုင် သွားရောက်ကြည့်ရှု နိုင်မှာဖြစ်ကြောင်း ဒီကနေ့ ရရှိတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
4 years Ago
Up