အာကာသတွင်းနက်ကြီး

April 2, 2019

Twilight မင်းသား Robert Pattinson ခေါင်းဆောင်ပါဝင်သည့် လျှို့ဝှက် သိပ္ပံဆန်းကြယ်ရုပ်ရှင် - High Life (နမူနာ)

နာမည်ကြီး Twilight မင်းသား Robert Pattinson ခေါင်းဆောင်ပါဝင်တဲ့ ရုပ်ရှင် High Life ကို လာမယ့် ဧပြီ ၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Adventure Drama Horror Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြင်သစ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Claire Denis က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Robert Pattinson ကို ပုံစံတမျိုးနဲ့ ရှုစားကြရမှာဖြစ်ပြီး ပိတ်မိနေတဲ့ အာကာသ တွင်းနက်ကြီးထဲကနေ သမီးငယ်နဲ့အတူ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားရတဲ့ ဖခင်တဦးအနေနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြင်သစ်အမျိုးသမီး သရုပ်ဆောင် Juliette Binoche၊ အမေရိကန်ရက်ပ်ပါ သရုပ်ဆောင် André Benjamin နဲ့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Mia Goth တို့လည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
3 years Ago
Up