အာကာသစခန်း

September 30, 2020

အာကာသစခန်း လေယိုစိမ့်မှု အန္တရာယ်မရှိဟု နာဆာပြော

နိုင်ငံတကာအာကာသစခန်းမှာ ပုံမှန်ထက်ပိုများတဲ့ လေပမာဏ ယိုစိမ့်ခဲ့ပြီး ဒီလေယိုစိမ့်မှုဟာ ရုရှားနဲ့ အမေရိကန် အာကာသယာဉ်မှူးတွေအတွက် အန္တရာယ်တော့ မရှိဘူးလို့ အမျိုးသားလေကြောင်းနဲ့ အာကာသစီမံခန့်ခွဲရေးရုံး နာဆာက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ နိုင်ငံတကာအာကာသစခန်း ဒုမန်နေဂျာ ကဲန်နီတော့ဒ်က “လေယိုစိမ့်မှုဟာ အာကာသယာဉ်မှူးတွေ နေထိုင် အလုပ်လုပ်ရာ စက်ခန်းထဲက ရုရှား ယာဉ်မှူးတွေရဲ့ အစိတ်အပိုင်းထဲမှာလို့ ကျနော်တို့ ထင်တယ်။ ကျနော်တို့ဟာ စမ်းသပ်မှုက ရတဲ့ သတင်းအချက်အလက် အားလုံးကို ဆက်ပြီး စောင့်ကြည့်စစ်ဆေးနေတယ်”လို့  ပြောပါတယ်။ အမေရိကန် အာကာသယာဉ်မှူး ခရစ်ကတ်စ်စီဒီ၊ ရုရှားအာကာသယာဉ်မှူး အန်နာတိုလီ အိုင်ဗာနီရှင်နဲ့ အိုင်ဗန်ဗဂ်နာတို့ပါတဲ့ အဖွဲ့ဟာ လေယိုစိမ့်မှုကို လာမယ့်ရက်တွေအတွင်း အပြီးသတ် ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့လည်း နာဆာက ပြောခဲ့ပါတယ်။
6 months Ago

April 25, 2020

ရုရှားကုန်တင်အာကာသယာဉ် နိုင်ငံတကာအာကာသစခန်းနှင့် ချိတ်ဆက်နိုင်ပြီ

ကုန်တင်အာကာသယာဉ် Progress 75 ဟာ ဧပြီ ၂၅ ရက်မှာ နိုင်ငံတကာအာကာသစခန်း ယာဉ်နဲ့ ချိတ်ဆက်မိခဲ့တယ်လို့ သိရပါတယ်။  ဒီယာဉ်ကို ဒီနေ့ မနက်အစောပိုင်းမှာ လွှတ်တင်ခဲ့ပြီး နိုင်ငံတကာအာကာသစခန်းကို သုံးနာရီအကြာမှာရောက်ရှိခဲ့ပါတယ် ။  ယာဉ်မှာ ရေ၊ အောက်စီဂျင်၊ လောင်စာနဲ့ လိမ္မော်သီး၊ စပျစ်သီးနဲ့ ကြက်အူချောင်းလို ရိက္ခာတွေလည်း နိုင်ငံတကာအာကာသစခန်းက ယာဉ်မှူး ၆၃ ဦးအတွက် ပါဝင်တယ်လို့ ရုရှား တတ်စ်သတင်းဌာနက ဖော်ပြထားပါတယ်။  ယာဉ်ကို သယ်ဆောင်လွှတ်တင်ခဲ့တဲ့ ဆိုယုဇ်ဒုံးပျံကိုလည်း ဒုတိယကမ္ဘာစစ်မှာ ရုရှားတို့ အနိုင်ရရှိမှု ၇၅ နှစ်မြောက်ပတ်လည်ကို ဂုဏ်ပြုပြီး ဗစ်ထရီဒုံးပျံလို့ မှည့်ခေါ်လိုက်တယ်လို့  ဆိုပါတယ္။ Progress ကုန်တင်အာကာသယဉ်ဟာ နိုင်ငံတကာအာကာသစခန်းနဲ့ ခုနှစ်လတာ ချိတ်ဆက်မှာ ဖြစ်ပြီး လာမယ့်ဒီဇင်ဘာမှာ မြေပြင်ကို ပြန်ဆင်းကာ ကမ္ဘာ့လေထုထဲ  ပေါက်ကွဲမီး လောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းက ဆိုပါတယ်။  
12 months Ago
Up