အာကာသကုန်တင်ယာဉ်

March 8, 2020

လူမပါသည့် အာကာသကုန်တင်ယာဉ် နာဆာ လွှတ်တင်

နာဆာအဖွဲ့အတွက် ကုန်ပစ္စည်းတွေ တင်ဆောင်မယ့် Dragon အာကာသကုန်တင်ယာဉ်ကို  SpaceX ကုမ္ပဏီက မတ်လ ၆ ရက်မှာ လွှတ်တင်လိုက်ပါတယ်။ အာကာသထဲကုန်စည်တွေကို သယ်ယူပို့ဆောင်နေတဲ့ SpaceX ကုမ္ပဏီဟာ Falcon 9 rocket ဒုံးကျည်ကို အသုံးပြုလို့ လူမပါတဲ့ ကုန်တင်အာကာသယာဉ်ကို      ဖလော်ရီဒါရှိ ကာနာဗာရယ်လေတပ်အခြေစိုက်စခန်းကနေ  မတ်လ ၆ ရက်အစောပိုင်းက လွှတ်တင်ပေးခဲ့ တာပါ။   Dragon အာကာသကုန်တင်ယာဉ်ထဲမှာတော့ နိုင်ငံတကာအာကာသစခန်း (အိုက်အက်စ်အက်စ်)အတွက် အလေးချိန် ၄၃၀၀ ပေါင်ရှိတဲ့ ထောက်ပံ့ရေးကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။  အကြိမ်နှစ်ဆယ်မြောက်အဖြစ် အခုလို အိုင်အက်စ်အက်စ်ကို ကုန်စည်တွေပို့ဆောင်ပေးတဲ့ Dragonကုန်တင်ယာဉ်ဟာ SpaceXအတွက် နာဆာနဲ့ ၂၀၀၈ က စတင်လို့စာချုပ်ချုပ်ဆိုခဲ့ ပြီးနောက်ပိုင်းမှာ  နောက်ဆုံးအကြိမ် ပျံသန်းပို့ဆောင်ပေးတာလည်း ဖြစ်ခဲ့ပါတယ်။   SpaceX ဟာ ဒါပြီးရင်  Dragon 2 အာကာသယာဉ်နဲ့ နောက်ထပ်ပို့ဆောင်ရေးအစီအစဉ်သစ်ကို လာမယ့်အောက်တိုဘာမှာ စတင်ပါဦးမယ်။ ဒီအာကာသယဉ်မှာတော့ ယာဉ်မှူးတဦးလိုက်ပါတဲ့ ခရီးစဉ်အဖြစ် ကုန်စည်တွေကို အိုင်အက်စ်အက်စ်စခန်းဆီ ပို့ဆောင်ပေးသွားမှာပါလို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
1 year Ago
Up