အာကသထဲ ဆလတ်မျိုးစေ့စိုက်ပျိုးပြီး ပိုးကောင် ကြီးထွားမှုနှုန်း စမ်းသပ် (ရုပ်သံ)

October 22, 2016

အာကသထဲ ဆလတ်မျိုးစေ့စိုက်ပျိုးပြီး ပိုးကောင် ကြီးထွားမှုနှုန်း စမ်းသပ် (ရုပ်သံ)

ထျန်းကုန်းတူး အာကာသ ဓာတ်ခွဲခန်းထဲက တရုတ် အာကာသယာဉ်မှူး ၂ ဦးဟာ သူတို့ ဒီစခန်းက မပြန်ခင် ရက် ၃၀ အတွင်း ဆလတ်ရွက် မျိုးစေ့တွေကို အောက်တိုဘာ ၂၀ ရက်နေ့က စိုက်ပျိုးခဲ့ပါတယ်။ အဲဒီနောက် ပိုးချည်မျှင်ထုတ် ပိုးကောင်တွေကို သယ်ထုတ်လာပြီး မြေဆွဲအား မရှိတဲ့ နေရာမှာ ခဏထားပါတယ်။ အဲဒီနောက် ပိုးကောင်တွေကို အစာကျွေးပါတယ်။ ပိုးချည်မျှင်ထုတ် ပိုးကောင် ၆ ကောင်ဟာ အာကာသထဲက ကြီးထွားမှု လုပ်ငန်းစဉ်ကို သုတေသန ပြုမယ့် တရုတ် သိပ္ပံပညာရှင်တွေအတွက် အကူအညီပေးမှာပါ။ ကမ္ဘာမြေပေါ်က ကြီးထွားမှုနဲ့လည်း နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ တရုတ် သိပ္ပံပညာရှင်တွေဟာ အရင်ကလည်း ကြာပန်း မျိုးစေ့တွေကို အာကာသထဲကို ယူသွားပြီး စိုက်ပျိုးခဲ့ဖူးပါတယ်။ အာကာသထဲမှာ အပင်ပေါက်ခဲ့တဲ့ ကြာပင်တွေကနေ သာမန်ထက် ပိုကြီးမား အရောင်တောက်ပတဲ့ ကြာပန်းတွေ ပွင့်ခဲ့ဖူးတယ်လို့ တရုတ်အစိုးရ ရုပ်သံက ကြေညာ ဖူးပါတယ်။ အာကာသထဲမှာ နေ့နဲ့ညဟာ မိနစ် ၉၀ တိုင်းမှာ ပြောင်းလဲနေပေမယ့် အာကာသယာဉ်မှူးတွေဟာ ပေကျင်း စံတော်ချိန်အတိုင်း နေထိုင်ကြတာပါ။ အချိန်ဇယားနဲ့အညီ အလုပ်လုပ်တာဟာ သူတို့ရဲ့ကျန်းမာရေးကို အထောက်အကူ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
5 years Ago
Up