နီပေါရဲတပ်ဖွဲ့ဟာ မြို့တော် ခတ္တမန္ဒူမှာ ခြောက်ရက်ကြာ အသွားအလာ ပိတ်ဆို့မှု lockdown လုပ်ခဲ့ပြီး အိမ်ပြင်မထွက်ဖို့ စည်းကမ်း ချိုးဖောက်တဲ့သူတွေကို မတ် ၂၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရဲတွေဟာ တုတ်တံအရှည်တွေနဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ထားပြီး စည်းကမ်းဖောက်လို့ ဖမ်းဆီးချုပ်နှောင်ထားတဲ့သူတွေကို လူချင်းနီးကပ်မှုမရှိအောင် ခွဲရပ် ခိုင်းပြီး ထိန်းသိမ်းခေါ်ဆောင်ခဲ့တာပါ။
နီပေါနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့အတွက် အသွားအလာ ပိတ်ဆို့ထားပါတယ်။
ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ နီပေါမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ငါးဦးသာရှိပြီး သေဆုံးသူ မရှိသေးဘူးလို့ မတ်လ ၃၀ ရက်နေ့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
11 months Ago