အသွားအလာ ကန့်သတ်ချက်

A d v e r t i s e m e n t With Us

April 5, 2020

စပိန်တွင် အသွားအလာ ကန့်သတ်ချက် ထပ်တိုးမည်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကို ဧပြီ ၂၅ ရက်အထိ နောက်ထပ် ၁၅ ရက် သက်တမ်းထပ်တိုးသွားဖို့ လွှတ်တော်ကို တင်ပြမယ်လို့ စပိန်ဝန်ကြီးချုပ်က  ပြောကြားလိုက်ပါတယ်။ စပိန်မှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်ခံရနှုန်းနဲ့ သေဆုံးနှုန်းတို့ဟာ စနေနေ့မှာ အရှိန်နှေးသွားပေမယ့် တိုင်းပြည်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အထိခိုက်အခံရဆုံးနိုင်ငံ ဖြစ်နေဆဲပဲလို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီ ၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ စပိန်မှာ ၁၁,၇၄၄ ဦးရှိခဲ့တာမို့  အီတလီ ပြီးရင် လူသေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။  ဝန်ကြီးချုပ်က အရေးပေါ်အခြေအနေ ကြေညာမှုကို နောက်ထပ် ၁၅ ရက် သက်တမ်းတိုးခဲ့ရင်လည်း အီစတာပွဲတော် အားလပ်ရက်တွေ နောက်ပိုင်းမှာ စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တချို့ကိုလည်း လျှော့ချပေးသွားမယ်လို့  ပြောပါတယ်။  ဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးမှုနှုန်းမှာလည်း စပိန်ဟာ ဧပြီ ၂ ရက်နေ့က စံချိန် တင် ၉၅၀ ဦးအထိ ရှိခဲ့တယ်လို့ စပိန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ စပိန်ဟာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆,၁၆၈ ဦး၊ သေဆုံးသူ ၁၁၉၄၇ ဦးနဲ့ ရောဂါ သက်သာပျောက်ကင်းလာသူ ၃၄၂၁၉ ဦးရှိတယ်လို့ သိရပါတယ်။
11 months Ago
Up