ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး အချိန် ၃ လလောက် အသွားအလာ ကန့်သတ်အပြီး ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော် ဘေဂျင်းနဲ့စီးပွားရေးမြို့တော် ရှန်ဟိုင်းတို့မှာ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေကို ဧပြီ ၂၇ ရက်က ပြန်ဖွင့်လိုက်ပါတယ်။
ရှန်ဟိုင်းမှာ ကျောင်းသားတွေဟာ မျက်နှာဖုံးတွေကို တပ်ဆင်ထားပြီး ကျောင်းဝင်ပေါက် အပြင်မှာ တယောက်နဲ့ တယောက် ၃ ပေခွာ ရပ်ပြီး နေကြတာပါ။ သူတို့ကို ကိုယ်ပူချိန် စစ်ဆေးပြီးမှ ကျောင်းထဲ ဝင်ခွင့် ပေးပါတယ်။
ရှန်ဟိုင်းမြို့မှာ ကူးစက်မှုအသစ် မရှိတာ ကြာပြီဖြစ်ပေမယ့် မိဘတွေကတော့ အပြောင်းအလဲအတွက် စိုးရိမ်မှုတချို့ရှိနေဆဲပါ။
“ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကပ်ဘေးဆက် ရှိနေတာကိုပဲ စိုးရိမ်တာပါ။ တခြားစိုးရိမ်တာ မရှိပါဘူး။ ကလေးတွေက တအားငယ် သေးတယ်၊ တကိုယ်ရေ သန့်ရှင်းမှုကို သူတို့ ဘာမှ မသိသေး ဘူး။ ဆရာတွေဆီက လမ်းညွှန်ချက်တချို့ လိုသေးတယ်” လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
ဘေကျင်းမြို့တော်မှာတော့ ကလေးတွေ ကျောင်းမှာ ထိုင်ခုံတွေ ခွာပြီး ထိုင်ခိုင်းတာနဲ့ ပလတ်စတစ် မျက်နှာကာတွေ ဝတ်ခိုင်းတာအပါအဝင် လုပ်ဆောင်ချက်တွေကြောင့် ပျော်ရွှင်ရတယ် လို့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။
ရှန်ဟိုင်းမြို့မှာ ကျောင်းတွေကို ဇန်နဝါရီလက စလို့ ပိတ်ထားခဲ့တာပြီး မတ်လ ၂ရက်က စပြီး အွန်လိုင်းကနေ စာပြန်သင်ပေးခဲ့ပါတယ်။
“တခြားအတန်းတွေကို မေလ ၆ ရက်မတိုင်ခင်ပြန်စဖို့ ကျောင်းတွေက ပြင်ဆင်မယ်၊ ပြန်ဖွင့်မယ်၊ အချိန်ကို တကျောင်းချင်းစီက ကြေညာမယ်”လို့ ရှန်ဟိုင်းပညာရေးကော်မရှင်က ပြောပါတယ်။
ဧပြီ ၂၆ ရက် နှောင်းပိုင်းမှာ ရှန်ဟိုင်းမှာ ပြင်ပကနေ ပြန်လာတဲ့ ကူးစက်ခံ ၃၀၃ယောက် ရှိနေပါတယ်။
10 months Ago