ဆူဒန်စစ်ဘက်ကောင်စီနဲ့ အဓိကအတိုက်အခံ ညွန့်ပေါင်း အဖွဲ့တို့အကြား အသွင်ကူးပြောင်းရေး အစိုးရသစ်အတွက် သဘောတူညီချက်ရခဲ့တယ်လို့ အာဖရိကသမဂ္ဂ စေ့စပ်ရေးမှူးက သြဂုတ် ၃ ရက်မှာ ပြောလိုက်ပါတယ်။
အာဖရိကသမဂ္ဂနဲ့ အိမ်နီးချင်း အီသီယိုးပီးယားတို့ ကြားဝင်ဆောင်ရွက်မှုနဲ့ စစ်ဘက်ကောင်စီနဲ့ အတိုက်အခံတို့အကြား သီတင်းပတ်ချီ ဆွေးနွေးပြီးနောက် သဘောတူညီချက် ရခဲ့တာပါ။
ဒီသဘောတူညီချက်မှာ အသွင်ကူးပြောင်းရေး အစိုးရ ဌာနတွေအကြား လုပ်ပိုင်ခွင့်နဲ့ ဆက်ဆံရေးတွေကို ဖော်ပြထားပါတယ်။
အာဖရိကသမဂ္ဂစေ့စပ်ရေးမှူး မိုဟာမက်ဟက်ဆန်လာဘတ်က “နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဟာ ဖွဲ့စည်းပုံဆိုင်ရာ ကြေညာချက် ထုတ်ပြန်ဖို့ သဘောတူခဲ့ပါတယ်။ နှစ်ဖက်စလုံးက အာဏာခွဲဝေရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးပြီး ဆူဒန်ပြည်သူတွေ၊ အာဖရိက မိတ်ဆွေနိုင်ငံတွေနဲ့ ကမ္ဘာ့ပြည်သူတွေရှေ့မှောက်မှာ လက်မှတ်ရေးထိုးသွားမယ်” လို့ ကြေညာခဲ့ပါတယ်။
သဘောတူညီချက် သတင်းထွက်ပေါ်ပြီးနောက် မြို့တော် ခါတွန်က နိုင်းလမ်းမကြီးပေါ်မှာ ဆူဒန် ပြည်သူတွေ အောင်ပွဲခံခဲ့ကြပါတယ်။
အဲဒီ ၃ နှစ်ကာလ အသွင်ကူးပြောင်းရေး အစိုးရလက်ထက်မှာ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ မျှော်လင့်ရပါတယ်။
Zawgyi Version
အသြင္ကူးေျပာင္းေရးအစိုးရသစ္အတြက္ ဆူဒန္စစ္ဘက္ေကာင္စီႏွင့္ အတိုက္အခံၫြန႔္ေပါင္းအဖြဲ႕ သေဘာတူ
DVB
ဆူဒန္စစ္ဘက္ေကာင္စီနဲ႔ အဓိကအတိုက္အခံ ၫြန႔္ေပါင္း အဖြဲ႕တို႔အၾကား အသြင္ကူးေျပာင္းေရး အစိုးရသစ္အတြက္ သေဘာတူညီခ်က္ရခဲ့တယ္လို႔ အာဖရိကသမဂၢ ေစ့စပ္ေရးမႉးက ၾသဂုတ္ ၃ ရက္မွာ ေျပာလိုက္ပါတယ္။
အာဖရိကသမဂၢနဲ႔ အိမ္နီးခ်င္း အီသီယိုးပီးယားတို႔ ၾကားဝင္ေဆာင္႐ြက္မႈနဲ႔ စစ္ဘက္ေကာင္စီနဲ႔ အတိုက္အခံတို႔အၾကား သီတင္းပတ္ခ်ီ ေဆြးေႏြးၿပီးေနာက္ သေဘာတူညီခ်က္ ရခဲ့တာပါ။
ဒီသေဘာတူညီခ်က္မွာ အသြင္ကူးေျပာင္းေရး အစိုးရ ဌာနေတြအၾကား လုပ္ပိုင္ခြင့္နဲ႔ ဆက္ဆံေရးေတြကို ေဖာ္ျပထားပါတယ္။
အာဖရိကသမဂၢေစ့စပ္ေရးမႉး မိုဟာမက္ဟက္ဆန္လာဘတ္က “ႏွစ္ဖက္ကိုယ္စားလွယ္ အဖြဲ႕ဟာ ဖြဲ႕စည္းပုံဆိုင္ရာ ေၾကညာခ်က္ ထုတ္ျပန္ဖို႔ သေဘာတူခဲ့ပါတယ္။ ႏွစ္ဖက္စလုံးက အာဏာခြဲေဝေရးနဲ႔ပတ္သက္လို႔ ဆက္လက္ေဆြးေႏြးၿပီး ဆူဒန္ျပည္သူေတြ၊ အာဖရိက မိတ္ေဆြႏိုင္ငံေတြနဲ႔ ကမာၻ႔ျပည္သူေတြေရွ႕ေမွာက္မွာ လက္မွတ္ေရးထိုးသြားမယ္” လို႔ ေၾကညာခဲ့ပါတယ္။
သေဘာတူညီခ်က္ သတင္းထြက္ေပၚၿပီးေနာက္ ၿမိဳ႕ေတာ္ ခါတြန္က ႏိုင္းလမ္းမႀကီးေပၚမွာ ဆူဒန္ ျပည္သူေတြ ေအာင္ပြဲခံခဲ့ၾကပါတယ္။
အဲဒီ ၃ ႏွစ္ကာလ အသြင္ကူးေျပာင္းေရး အစိုးရလက္ထက္မွာ ေ႐ြးေကာက္ပြဲေတြ က်င္းပသြားဖို႔ ေမွ်ာ္လင့္ရပါတယ္။
2 years Ago