ပြင်သစ်ယဉ်ကျေးမှုဌာနက ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ကြုံတွေ့လာနိုင်တဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးမှုမှာ အနိုင်ရပါတီ အစိုးရသစ်လက်ထက် မီဒီယာတွေရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ၊ ပြည်ပကနေ ပြန်ရောက်လာသူတွေရဲ့ အခြေအနေ၊ လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလနဲ့ လာမယ့် လွှတ်တော်ကဏ္ဍတွေကို နိုင်ငံတကာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မီဒီယာအသိုင်းအ၀ိုင်းက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - အိမမမွန်
7 years Ago